တခါတရံမှာ ကိုယ့်ရဲ့အရေးကြီး အချက်အလက်တွေကို သူများတွေ USB Pen Drive တွေနှင့်အလွယ်တကူ ကူးယူသွားမှာကို မလိုလားကြပါဘူး။
USB Pen Drive ကို Write Protection လုပ်လို့ရပါတယ်။
Write Protection on USB Pen Drive လုပ်ချင်ရင်တော့ ....
(၁)ပထမဆုံး Start Menu >> Run မှာ regedit လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ registry editor ပွင့်လာပါလိမ့်မည်။
(၂)အောက်က လမ်းကြောင်း အတိုင်းသွားလိုက်ပါ။
HKEY_LOCAL_MACHINESYSTEMCurrentControlSetControlStorageDevicePolicies
အဲ့ဒီမှာ StorageDevicePolicies မတွေ့ဘူးဆိုရင်တော့ ဖန်တီးပေးရမှာပါ။
(၃)HKEY_LOCAL_MACHINE SYSTEM CurrentControlSet Control အထိရောက်အောင်သွားလိုက်ပါ။
Control ပေါ်တွင် right-click လုပ်ပြီးတော့ New > Key ကိုနှိပ်လိုက်ပါ။
Control အောင်တွင် New Key #1 ဆိုပြီးတွေ့ပါလိမ့်မယ်။
StorageDevicePolicies လို့ပြောင်းရိုက်လိုက်ပါ။
အဲ့ဒီ StorageDevicePolicies ပေါ်တွင် right-click လုပ်ပြီးတော့ New > DWORD Value ကိုနှိပ်ပါ။
ညာဘက်ခြမ်းတွင် New Value #1 ကိုတွေပါလိမ့်မယ်။
ညာဘက်ခြမ်းရှိ New Value #1 ကို double-click နှိပ်လိုက်ပြီး
Value name: နေရာတွင် WriteProtect လို့ရေးပြီးတော့ Value data: နေရာတွင် write protect လုပ်ချင်ရင်တော့ တန်ဖိုးကို 1 မလုပ်ချင်ရင်တော့ 0 ပြီးရင် ok ပေါ့။
(၄)ကိုယ်တိုင်မရေးချင်ရင်တော့ add.bat ကို (ဒီနေရာမှာ) ဒေါင်းလိုက်ပါ။ ရလာရင်တော့ double click နှိပ်လိုက်ပါ။
registry တွင်အော်တိုရေးပေးပါလိမ့်မယ်။
Write Protection မလုပ်ချင်ရင်တော့ ညဘက်က WriteProtect တွင် double click နှိပ်ပြီးတော့ Value data: တွင် 0 ပြောင်းလိုက်ပေါ့။
(၅)ပြီးရင်တော့ Computer ကို Restart လုပ်ရပါမယ်။ ဒါမှပြင်လိုက်တာတွေ သက်ရောက်မှုရှိမှာပါ။

No comments:
Post a Comment
မိတ်ဆွေတို့၏ စကားတစ်ခွန်းဟာ ကျွန်တော်အတွက် အားဆေးတစ်ခွက်ပါ။