Friday, November 18, 2011

folder option, Task manager, Registry Editor ကို ဖွင့်ရအောင် ပြုလုပ်နည်း

Virus တွေကြောင့် folder option, Task manager, Registry Editor, စသည်ဖြင့် ပျောက်သွားတတ် ပါသည်။ Virus သတ်ပြီးသွားသော်လည်း ပြန်ပေါ်လာမည်မဟုတ်ပါ။ manual  ပြန်ဖေါ်လို့ရသလို Software နှင့်လည်းပြန်ဖေါ်လို့ရပါတယ်။
Folder option ပျောက်ရင် ဖေါ်နည်း
   virus ကြောင့်ပျောက်နေသော folder option ကိုပြန်ဖေါ်ရန်အတွက် ပထမဦးဆုံး Start >> Run Box တွင် gpedti.msc  ရိုက်ပြီး>> ok နှိပ်လိုက်ရင်
Group Policy Editor ပေါ်လာမည်။ ဘယ်ဘက်ခြမ်း တွင် User Configuration ဘေးက (+) ကိုနှိပ်ပြီး Administrative Templates >> Window Components >> ရောက်အောင်
( + ) ကိုနှိပ်သွားပါ။ အဲ့ဒီမှာ Window Exploer တွင်တစ်ချက်နှိပ်။ ညာဘက်ခြမ်းတွင် "Removes the Folder Options menu item from the Tools menu" ကို double click ကျလာသော
Box တွင် Not configured ကိုရွေးပြီး Ok နှိပ်။



Task Mnanger ပြန်ဖေါ်နည်း
  folder option ဖေါ်နည်းလိုပဲ Administrative Templates ထိရောက်အောင်သွားလိုက်ပါ။ အဲ့ဒီမှာ System >> Ctrl+Alt+Del Options တွင် Click လုပ်ပြီး ညာဘက်ခြမ်း
ရှိ Removes Task Manager ကို double click နှိပ်ပြီးကျလာသော Box တွင် Not Configured  ကိုရွေးပြီး Ok နှိပ်။


regedit ကို ဖွင့်ရအောင် ပြုလုပ်နည်း
မိမိ သွင်းသမျှ ဆော့ဝဲလ်တိုင်းဟာ Regedit မှာ အကုန်ဝင်ပါတယ်။ ဗိုင်းရပ်စ်လဲ အပါအ၀င်ပေါ့။ ဗိုင်းရပ်စ်ကို Run မိရင် Regedit ထဲ ရောက်သွားတာပါပဲ။ ရောက်သွားရင် ဗိုင်းရပ်စ်က အကောင်ကြီးရင် Regedit ကို ဖွင့်မရအောင် ပိတ်လိုက်တော့တယ်။ ဒီတော့ အကြမ်းမျဉ်းအနေနဲ့ Regedit ဖွင့်မရရင် ဗိုင်းရပ်စ် ၀င်နေတယ်ဆိုတာ သိဖို့ပါပဲ။
Regedit ပြန်ဖွင့်ဖို့ မခက်ပါဘူး။ အောက်က နည်းအတိုင်း လုပ်ဆောင်သွားပါ။
၁) Start မှ Run ကို ဖွင့်ပါ။
၂) gpedit.msc ကို ရိုက်ထည့်၍ ဖွင့်ပါ။ Group Policy Box ကျလာလိမ့်မည်။
၃) User Configuration မှ Administrative Templates ကို Click လုပ်ပါ။
၎) ပြီးလျှင် System ကို Select မှတ်ပါ။ ညာဘက်အကွက်တွင် Prevent access to registry edition tools စာသားကို ရှာပါ။ တွေ့ပါက Double Click လုပ်ပါ။ Not Configured ကို Enabled လုပ်ပါ။ Apply လုပ်ပါ။ Ok ။
၅) Regedit ပြန်ဖွင့်ကြည့်ပါ။ ဖွင့်၍ မရသေးပါက Not configured ကို ပြန်ပေးပြီး Ok လုပ်ပါ။
၆) Regedit ပြန်ဖွင့်ကြည့်ပါ။ ရပါလိမ့်မည်။

 အဆင်ပြေပါစေ။

No comments:

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းဟာ ကျွန်တော်အတွက် အားဆေးတစ်ခွက်ပါ။