Friday, December 31, 2010

ရွှေမုဋ္ဌောမဟာစေတီတော်ကြီး၏ သမိုင်းအကျဉ်းချုပ်

ရွှေမုဋ္ဌောမဟာစေတီတော်
      ရွှေမုဋ္ဌော မဟာစေတီတော်မြတ်ကြီးသည် ဘုရားရှင်ကိုယ် တော်မြတ်ကြီး၏ သရှီရမွေတော် ဓာတ်တော် များနှင့် အထူးထူး အပြားပြား များမြောင်လှသော အဖိုးတန် ရတနာတို့ဖြင့် ဌာပနာ၍ လွန်ခဲ့သော အနှစ် ၂၀၀၀ - ကျော်က စတင် တည်ထား ခဲ့ခြင်းဖြစ် သည်။
     ကောဇာသက္ကရာဇ် ၂၈၉- ခုနှစ် တွင် သီရိဓမ္မာသောက မင်းကြီး က ရွှေအာဏာ အမည်တော်ဖြင့် စတင်တည်ထား ကိုးကွယ် တော် မူခဲ့သည်။
     အထက်မြန်မာပြည် ပုဂံမြို့ (ပေါက္ကံရာမပြည့်ရှင်) အလောင်း စည်သူမင်းသည် ဖြိုကြွင်းသက္ကရာဇ် ၄၅၇-ခုနှစ်၌၊ ထူပါရုံ ဟူသော ဘွဲ့တော်ချီစေလျက်၊ တိုးမြှင့် တည်ထား ကိုးကွယ်တော်မူပြန်သည်။
     ကောဇာသက္ကရာဇ် ၆၀၀-ပြည့်နှစ်၌၊ ပုသိမ် ၃၂ မြို့ကို အစိုးရသော သမုဒ္ဒဃောသ နှင့် ဥမ္မာဒန္တီတို့က ရွှေမုဋ္ဌော ဟူသော အမည်တော်ဖြင့် တည်ထား ကိုးကွယ် ထားခဲ့ရာ ယနေ့ထိ ထိုအမည်တော်ဖြင့် ထင်ရှားလျက် ရှိပါသည်။

ရွှေသာလျောင်း ဗုဒ္ဓရုပ်ပွားတော်
      ဤနောက်တွင် စစ်ကိုင်းဘုရင် မည်သော ဘကြီးတော်ဘုရားသည် လည်းကောင်း မင်းတုန်းမင်း နောင်တော် ပုဂံမင်းသည်လည်းကောင်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရား သည်လည်းကောင်း၊ ထီးတော်လှူခြင်း၊ ရွှေလုံး တော်ပြည့် ကပ်လှူခြင်းနှင့်၊ အခြားပူဇော်သက္ကာ ပြုခြင်းတည်း ဟူသော ကောင်းမှု တော်တို့ကို အဆက်ဆက် ပြု တော်မူခဲ့ကြသည့်အပြင် ပုသိမ်မြို့ကို ကွပ်ကဲအုပ်ချုပ်ကြကုန်သော မြို့ဝန်မင်း တို့သည်လည်းကောင်း စေတီတော် ကြီးအား ထိန်းသိမ်း စောင့်ရှောက် ကိုးကွယ်ခဲ့ကြလေသည်။ 
      ဒုတိယ အင်္ဂလိပ် - မြန်မာ အရေးတော်ပုံခေတ် ဖြစ်သော ခရစ်သက္ကရာဇ် ၁၈၂၅- ခုနှစ်အတွင်း ဗြိတိသျှတို့ ဤပုသိမ်မြို့ကို သိမ်းပိုက်အုပ်ချုပ် သည့် နောက်ပိုင်း၌ ဗြိတိသျှအစိုးရ ခန့်စစ်ကဲ တော်မင်း တို့သည် လည်းကောင်း ဗုဒ္ဓဘာသာဝင် မြို့မိမြို့ဖတို့ သည်လည်းကောင်း အမျိုးမျိုးသော ပူဇော်သက္ကာ အမှုတို့ဖြင့် အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက် ကိုးကွယ် ခဲ့ကြရာ၊ ကောဇာသက္ကရာဇ် ၁၂၅၆ ခုနှစ် တွင်ယနေ့ တည် ရှိတော်မူသည့် အတိုင်း ဖြစ်သောမြေမှ ခရားသီး အဆုံးအထိ ၇၇ တောင်၊ ထီးအရပ်၂၅တောင်၊ နှစ်ရပ် ပေါင်းသံတောင် ၁၀၂တောင်၊ လုံးပတ်တော် ၂၀၇- တောင်နှင့် ဖိနပ်တော် ၂၇၂-တောင် အသီးသီးရှိကုန်သော ဥာဏ်တော် လုံးဝန်းပမာဏတော်ကို ဆောင်စေလျက်၊ စိန်ဖူးတော် ရွှေထီး တော် ငွေထီးတော် အပြင်၊ ရတနာ အပေါင်း တို့ဖြင့်စီခြယ် အပ်သော ရွှေသားငှက်မြတ်နားတော် တို့ဖြင့် ခမ်းနားထယ်ဝါ ကြည်ညို ဖွယ်ရာ တိုးမြှင့်တည်ထား ခဲ့နိုင်ကြလေသည်။ 
ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်စောင်း
     ထီးတော်ကို အမျိုးမျိုးပြောင်းလဲတပ်ဆင်မှုကြောင့် ယခုအခါ စေတီတော်မြတ်၏ ဥာဏ်တော်မှာ ၄၆.၆ မီတာ (၁၅၂ ပေခန့်) ရှိလာသော်လည်း မြန်မာ့ စေတီတော် မြတ်များ၏ ပုံသဏ္ဍာန်မှာ ရှင်သမုဒ္ဒဃောသ ခေတ်မှစ၍ အတူတူပင်ဖြစ်ပါသည်။ ယခုအခါ ထီးတော်၏အပေါ်ဆုံး အဆင့်ကို ရွှေအလေးချိန် ၆.၃ ကီလိုဂရမ် (၃ပိဿာ ၉၃ ကျပ်သားခန့်) ဖြင့် လည်းကောင်း၊ အလယ်ဆင့်ကို ငွေစင်ဖြင့် လည်းကောင်း၊ အောက်ဆင့်ကို ရွှေပါးလွှာဖြင့် လည်း ကောင်း အုပ်ထားပြီး စိန် ၈၂၉ လုံး၊ ပတ္တမြား ၈၄၃ လုံး နှင့် အဖိုးတန် ကျောက်မျက်ရတနာ ၁၅၈၈ လုံးတို့ဖြင့် တန်ဆာဆင်ထားပါသည်။

လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီတော်

လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော်
      ပုသိမ်မြို့၏ တောင်ဘက်တွင် တည်ရှိသည်။ အလောင်း စည်သူမင်း စတင်တည်ထားခဲ့သော ဖောင် တော်ဦး စေတီတော် ကိုငုံ၍ ပုဂံမြို့ဟောင်း ရှိတန်ခိုး ကြီးဘုရားများ၏ ပုံသဏ္ဌာန် များကို ကူးယူတည် ဆောက် ပူဇော်ထားသည်။ ဥာဏ်တော် အမြင့်မှာ (၁၆၂) ပေ ဖြစ်သည်။
      စေတီတော်အတွင်းသို့ ဝင်ရောက်ဖူးမြော်လျှင် အတွင်း လိုဏ်ပတ်လမ်း ကိုပတ်၍ ကြည်ညိုပါက ပုဂံ ခေတ်မှ ရတနာပုံ ခေတ်အထိ     ခေတ်လေးခေတ်မှ တင်ပလ္လင်ခွေ ရုပ်ပွားတော် ကြီးလေးဆူကိုလည်း ခေတ်ပြောင်းလဲမှု အလိုက် လေ့လာ ဖူးမြော်ရမည် ဖြစ်သည်။ ထို့နောက် အထက် ပစ္စယံသို့ တက်ရောက် ဖူးမြော်လျှင် ရာဇမုနိ လာဘမုနိ အဘယမုနိ စသည့် ကြေးသွန်းမုနိတော်လေးဆူ ကိုလည်း ထူးခြားစွာ ဖူးတွေ့နိုင်ပါသည်။
    လေးကျွန်းရန်အောင် ဖေါင်တော်ဦးစေတီတော် ကျောက်စာအရ ခရစ်နှစ် (၁၁၁၅) တွင် ပုဂံပြည့်ရှင် အလောင်း စည်သူမင်းကြီး သီဟိုဠ်နှင့် မဇ္ဈိမဒေသသို့အသွား ခရီးတစ်ထောက်နားခိုက်တွင်တည် ထားခဲ့ သည်။ ကိုးတောင်ပြည့် စေတီဖြစ်ပြီး၊ ဖေါင်တော်ဦး ဘွဲ့မည်တွင်သည်။
    ခရစ်နှစ် (၁၄၅၅) တွင် ပုသိမ်မြို့စားဗညားအိမ်က မူလစေတီကို ငုံပြီးထပ်မံ တည်ထားသည်။ ရွှေဥသြမည်တွင် သည်။
    ခရစ်နှစ် (၁၅၂၄)မှ(၁၄၂၅) အတွင်း မွန်မင်းသမီးဝိဟာရဒေဝီက ထပ်မံမွမ်းမံ တည်ထားသည်။ ချမ်းသာကြီးဘွဲ့ မည်တွင်သည်။
    ခရစ်နှစ် (၁၉၃၉) တွင် မဟာဗောဓိဆရာတော် ဥူးနန္ဒိယ ဦးစီးပြီး အလောင်းစည်သူမင်းကြီး၏ ကုသိုလ်တော် မူလစေတီကို လိုဏ်ဂူအတွင်းထားကာ လုံးဝန်းသော သဏ္ဌန်နှင့် တဝဂူစေတီ တည်ထားသည်။ (၈၄.၅)ပေ မြင့်၍ ၁၉၅၀ပြည့်နှစ် မတ်လအတွင်း ပြီးစီးသည်။ ပြည်လုံးချမ်းသာဘွဲ့ မည်တွင်သည်။ စေတီတော် ပရိဝုဏ်ရှိ ဝိဟာရဒေဝီ နှင့်မောင်တော် ဗြဟ္မဒေဝီတို့၏ ရေကန်နှစ်ကန်ကို အစွဲပြုပြီး ရေကြည်ရေနောက် ဘုရားဟုလူသိများခဲ့သည်။

Computer Desktop ပေါ်မှာရှိတဲ့ Icon အားလုံးကို Lock ချထားရအောင်

    ဒီနည်းလေးကတော့အပျော်တမ်း စကြနောက်ကြတဲ့နည်းလေးပါပဲ ရိုးရိုးလေးနဲ့ပျော်စရာ ကောင်းပါတယ် ..သိပြီးသားသူများ အတွက် ကတော့ အရမ်းလွယ်သလို မသိသေးတဲ့သူများအတွက် ကတော့.. ပညာတစ်ခု ပါပဲ ..ပထမဦးစွာမိမိ Desktop ပေါ်မှာ Pointer လေး ချပြီးတော့ Keyboard မှ Print Screen ခလုပ်ကိုနှိပ် လိုက်ပါ။
    ပြီးရင်..Start-->run ကိုနှိပ်ပါ mspaint ကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါpaint box ပေါ်လာရင် Keyboard မှ Ctrl+v ကိုနှိပ်လိုက်ပါ..ပြီးရင် JPEG ဖိုင်နဲ့မိမိကြိုက်နှစ်သက်သောနေရာတွင် Save လုပ်လိုက်ပါ..ပြီးသွားရင် paint boxကိုပိတ်လိုက်ပါ..ပြီးရင် Desktop ပေါ်က Icon အားလုံးကို Select all လုပ် ကော်ပီလုပ်ပြီး တစ်နေရာ တွင်သိမ်းထားလိုက်ပါ..ပြီးရင်အားလုံးကိုဖျက်လိုက်ပါ Recycle bin ကတော့ ဖျက်လို့ရမှာ မဟုတ်သေး ပါဘူး..Desktop ပေါ်မှာ Recycle bin တစ်ခုတည်းကျန်နေရင် Start-->run ကိုပြန်သွားပါ။ 

    run boxထဲတွင် gpedit.msc ရိုက်ထည့်ပြီး Enter ခေါက်ပါ ပြီးရင်User Configuration --> Administrative Templates-->Desktopဆိုပြီးအဆင့်ဆင့်သွားလိုက်ပါ..ညာဘက်ချမ်းမှာ Remove Recycle bin icon from desktop ဆိုတာကို Double click နှိပ်ပြီး Enable ကိုအမှတ်ပေးပြီး OK လုပ် လိုက်ပါ။ ပြီးရင်ပြန်ထွက်လိုက်ပါ။ 
   Desktop ပေါ်မှာ Recycle bin icon မရှိတော့ပါဘူး Desktop ပေါ်မှာ Icon အားလုံးမရှိတော့ဘူးဆိုရင်
Mouse နဲ့ Right click နှိပ်ပြီး Properties ကိုဝင်လိုက်ပါ.ပြီးရင် Desktop tabကိုသွားလိုက်ပါ Browse ကိုနှိပ်လိုက်ပါ..စောစောကကျွန်တော်တို့ save လုပ်ထားသော JPEG ပုံလေးကိုယူလိုက်ပါပြီးရင် apply --> ok လုပ်လိုက်ပါဒါဆိုရင်မိတ်ဆွေတို့ Desktop ပေါ်မှာ အရင်ကလို Icon လေးတွေအားလုံး ပြန်ပေါ်နေပါပြီ.. သို့ပေမယ့်အဲဒီအိုင်ကွန်လေးတွေက..နှိပ်လို့မရပါဘူး..သူကရိုးရိုး Background တစ်ခုဖြစ်နေလို့ပါပဲ.. ဒီနည်းနဲ့..ပျော်ရွှင်စွာနောက်ပြောင်ကြည်စယ်လို့ရပါတယ်..ပျင်းနေမှာစိုးလို့တင်ပေးလိုက်ပါတယ်          


ပြန်ဖေါ်တာတော့ 
ဒါကတော့ အရင်က icon အားလုံးကို save ထားတဲ့ဟာကိုပြန်ပြီး desktop မှာ paste ပြန်လုပ်လိုက်ပါ။ 

ပြန်လည်မျှဝေလိုက်တာပါ.........

Google ၏ multiple sign-in လုပ်နည်း

    ကိုယ် default ထားမယ် account ကို log-in ဝင်လိုက်ပါ။ ပြီးရင် setting ထဲကိုဝင်ပါ။ထို့နောက် Accounts and Import tab ကိုနှိပ်ပါ။ပြီးတော့ အောက်နာက Google account settings ကိုဝင်လိုက်ပါ။ Google Account page ကိုရောက်ရင် multiple sign-in ဘေးက Edit ကိုနှိပ်ပါ။ အဲ့ဒီမှာ multiple sign-in on လိုက်ပါ။အောက်က check box အားလုံးကို check လုပ်လိုက်ပါ။ပြိးရင် save လုပ်လိုက်ပါ။ ရပါပြီ။ 
    ကိုယ် account ဘေးတွင် drop-down menu ပေါ်လာမည်။ အဲ့ဒီ drop-down menu ကိုနှိပ်ပြီး  sign-in to another account ကိုနှိပ်ပြီး အခြား account များကိုလည်း browser တစ်ခုတည်းနှင့် Log-in ဝင်လို့ရပါပြီ။ Google Docs တွင် တော့သုံးမရသေးပါ။ နောက်တော့ရမယ်ပြောပါတယ်။ အဆင်ပြေကြပါစေ.......။

source= နောင်နောင်(internet journal)