Monday, January 9, 2012

ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်

     ဇလွန်မြို့သည် ဧရာဝတီတိုင်းအတွင်းရှိ သေးငယ်သော မြို့လေးတစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် (၅၀) ခန့်ကွာ ဝေးသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပါး ဟင်္သာတမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်အကွာတွင် တည်ရှိပြီး ညောင်တုန်းမြို့မှ ကူးတို့လှေဖြင့် နေ့ချင်းပြန်ခရီးသွားနိုင်ပါသည်။ တစ်စုံတစ်ယောက်မှ လွတ်လပ်မှု ပျော်ရွင်မှုကိုနှစ် သက်မြတ်နိုးသော သာမာန်နိုင်ငံခြားခရီးသည်ကို ဘယ်အရာက ပိုဆွဲဆောင်မှု ရှိမည်နည်းဟုမေးလျှင် ကျေးလက်နေ လူနေမှုဘဝကို တစေ့တစောင်းကြည့် ရှုလေ့လာခြင်းမှတပါး အခြားမရှိဟု အဖြေထုတ် ကြလိမ့်မည်။
      သို့သော် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများအတွက် ဇလွန်သို့ တခါတခေါက်အလည် အပတ်သွားခြင်းသည် မွန်မြတ် သော ဘုရားဖူးခရီးတခုပင် ဖြစ်ပေသည်။ ထိုသို့ဇလွန်မြို့ တည်ရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် နှစ်ထောင်းအားရ ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။ ဘုရားဖူးပြည်သူများကလည်း မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးသို့သွား ရောက်ဖူးမြော်ဆုတောင်းခြင်းဖြင့် မိမိတို့တွင် စွမ်းအင်၊ စွမ်းအားများ တိုးတက်ရရှိ သကဲ့သို့ခံစား ရသည်ဟု ယုံကြည် ကြသည်။ ရွှေရောင်တဖိန့်ဖိန့် တောက်နေသော ဘုရားကျောင်းဆောင် ၏အလည်ဗဟိုတွင် မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကြီး အားသပ္ပယ်စွာ ဖူးတွေ့နိုင်ပါသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်


    မဟာသက္ကရာဇ် (၁၁၃)ခုနှစ်တွင် ဘာသာရေးကို သက်ဝင်ယုံကြည် သည့် ရခိုင်ဘုရင်က မဟာမြတ်မုနိဗုဒ္ဓ ရုပ်ပွားတော်ကို ကြေးဖြင့်သွန်း လုပ်တော်မူပြီး ပိုနေသော ကြေးများဖြင့် ဗုဒ္ဓရုပ်ပွားတော်သုံးဆူကို သွန်းလုပ်ခဲ့ပါသည်။ လေးဆူမြောက် သွန်းလုပ်ခဲ့သော ဗုဒ္ဓရုပ်ပွားတော်ကို မာန်အောင်မြင်ရုပ်ပွားတော် ဟုဘွဲ့တွင်ခဲ့ပါသည်။ သက္ကရာဇ် (၁၁၃၆) ခုနှစ်တွင် ဘိုးတော်ဘုရား ၏သားတော် အိမ်ရှေ့စံမင်းသားက အဆိုပါ ဗုဒ္ဓရုပ်ပွားတောာ်ကို အမရပူရ သို့ပင့်ဆောင်ခဲ့ပါသည်။ ဗုဒ္ဒရုပ်ပွားတော် ကို နန်းတော်ရှေ့တွင် အပူဇော်ခံထားရှိခဲ့ပြီး နန်းဦးဘုရားဟု ဘွဲ့တော် တွင်စေခဲ့ပြန်ပါသည်။ သက္ကရာဇ် (၁၂၁၄) ခုနှစ်တွင် ဇလွန်မြို့သူကြီး ဦးရွှေပွင့်မှ ဗုဒ္ဓရုပ်ပွားတော်ကို ဇလွန်သို့ ပင့်ဆောင်ခဲ့ ပါသည်။


    ကိုလိုနီနယ်ချဲ့များ အောက်မြန်မာပြည်ကို သိမ်းပိုက်စဉ်အတွင်း ကြေးဆင်းတုတော်အား ဒင်္ဂါးသွန်းလုပ်ရာတွင် အသုံးပြုရန်ရည်ရွယ်ကာ အင်္ဂလန်သို့ ပို့ဆောင်ခဲ့ပါသည်။ တစ်ဆင့်စကားများအရ ဗုဒ္ဓရုပ် ပွားတော်မှာ အရည်ပျော်ခြင်းလည်းမရှိ၊ ထု၍လည်း မပျက်စီးဘဲရှိကာ အင်္ဂလိပ်ဘုရင်မမှာ ခေါင်းကိုက်ဝေဒနာကို တာရှည် ခံစားခဲ့ရပြီး အိပ်မက်ဆိုးများ မက်ခဲ့သည်။ ထို့နောက်ဘုရင်မက ဗုဒ္ဓရုပ်ပွားတော်အား မူလနေရာသို့ပြန်လည် ပို့ဆောင်ရန် အမိန့််ပေးခဲ့ပါသည်။ သို့သော် ဗြိတိသျှတို့က မူလပင့်ဆောင်သည့်နေရာကို မမှတ်မိသဖြင့် ဟင်္သာတအနီး သောင်ထွန်းသည့် တစ်နေရာ၌ ဗုဒ္ဓရုပ်ပွားတော်ကိုထားခဲ့ကြပါသည်။ သောင်ပြင်၌တွေ့ရသည့် ရုပ်ပွားတော်ကိုလူ အများက ပေါ်တော်မူဘုရား ဟုခေါ်တွင်စေခဲ့ပါသည်။


    ဇလွန်နှင့် ဟင်္သာတ လူထုတို့က သူပိုင်၊ ကိုယ်ပိုင်အား ပြိုင်ခဲ့ ကြရာ နောက်ဆုံးတွင် ဇလွန်မှအောင်ပွဲ ရရှိခဲ့ပါသည်။ ၄င်းအချိန်မှစ၍ ဗုဒ္ဓ ရုပ်ပွား တော်မှာဇလွန်၌ ကိန်းဝပ်စံပယ်တော်မူခဲ့ပါသည်။ ဤကဲ့သို့ ဗုဒ္ဓ ရုပ်ပွားတော်သည် အရပ်ရပ်သို့ ကြွချီတော်မူခဲ့ပြီး မူလနေရာသို့ပြန် လည် ကိန်းဝပ်တော်မူသဖြင့် “မာရ်အောင်မြင်ပြည်တော်ပြန်ဘုရား” ဟုထင်ရှားလာခဲ့ပါသည်။ ဤဘုရားပွဲတော်ကို (မတ်လ) တပေါင်းလ ဆန်း (၉) ရက်မှ တပေါင်းလပြည့်ကျော် (၁) ရက် တွင်ကျင်းပလေ့ရှိပြီး၊ ပွဲတော်ကာလမှာ (၈) ရက်ကြာမြင့်ပါသည်။
    ဇလွန်သို့ ပုသိမ်မှ တိုက်ရိုက်ကား မရှိသော်လည်း ဟင်္သာတမြို့သို့အသွား ဇလွန်လမ်းခွဲမှတဆင့် သွားနိုင်ပါ သည်။ ဘုရားပွဲတော်ကာလတွင် ပုသိမ်မြို့ပေါ်ရှိ ဘုရားဖူးရီးသွား လုပ်ငန်းများမှ အဆင့်မြင့်လေအိတ် ကားများဖြင့် သွားလာ နိုင်ရန် စီစဉ်ထားရှိပါသည်။
    ထို့အပြင် မိသားစု မိတ်ဆွေ အပေါင်းအသင်း များစု၍ ကိုယ်ပိုင်ကား၊အငှားကားများနှင့် သွားလားနိုင်ပါသည်။ ရန်ကုန်နှင့် နယ်ဘုရားဖူးများအနေနှင့် ညောင်တုန်းမြို့မှတဆင့် ညောင်တုန်း- (ဓနုဖြူ-ဇလွန်) ကာလမ်းအတိုင်း သွားလာနိုင်သလို ညောင်တုန်းမြို့မှ ကူးတို့လှေဖြင့် နေ့ချင်းပြန်ခရီး ရေလမ်းနှင့်လည်း သွားလာနိုင်ပါသည်။
    ဘုရားပွဲကျင်းပသော ကာလနှင့် မကျင်းပသော ကာလများတွင်လည်း ဇောင်းတန်းများတွင် ရေ မီး အပြည့်အစုံ နှင့်နားနေ တည်းခိုနိုင်ရန် ဇလွန်ပြည်တော်ပြန်ဘုရား ဂေါပကအဖွဲ့မှ စီစဉ်ထားရှိပါသည်။

No comments:

Post a Comment

မိတ်ဆွေတို့၏ စကားတစ်ခွန်းဟာ ကျွန်တော်အတွက် အားဆေးတစ်ခွက်ပါ။