Saturday, April 2, 2011

ကုသိန္နာရုံဘုရားပွဲတော်

 
ကုသိန္နာရုံ ဗျာဒိတ်ပေးမြတ်စွာဘုရားပွဲတော်
       ပုသိမ်မြို့ ကုသိန္နာရုံ အရပ်တွင် နှစ်စဉ် တန်ဆောင်မုန်းလဆန်း(၁၂) ရက်နေ့မှ လပြည့်ကျော် (၁) ရက်နေ့ အထိကျင်း ပသည်။ ဗုဒ္ဓဝင်လာ ဥဂ္ဂါမြို့၊ ဥဂ္ဂိသေန သူဌေးကြီး၏ ချွေးမ (အနာထပိဏ်သူဌေးကြီး၏ သမီး) စူဠသုဘဒ္ဒါထံ မြတ်စွာဘုရား ကြွလာတော်မူပုံ ကိုသရုပ်ဖေါ် သောပွဲတော်ကြီးဖြစ်ပါသည်။
       မြတ်စွာဘုရား ရှင် ဦးဆောင်သော ရဟန္တာ (၅၀၀) ကိုပြာသာဒ် တစ်ဆောင်စီ တင်၍ လပြည့်ကျော်(၁) ရက်နေ့တွင် မြို့တွင်သို့ လှည့်လည်အပူဇော်ခံ ပါသည်။ ပြာသာဒ်များနိုင်သမျှ များသည်ကို ဂုဏ်တင်အသား ယူကြသည်။ ရပ်ကွက်သူ ရပ်ကွက်သားများ ပြာသာဒ် ချင်းပြိုင်ကြသည်။ အဆိုအက များလည်း  မြိုင်လှသည်။ပုသိမ် ဦးရွှေတလေး၏ ဦးရွှေရိုး အကမှာ ရိုးသွား သည်ဟူ၍ မရှိပေ။ 
       ကုသိန္နာရုံ ကျောင်းဝင်း အတွင်းတည်ဆောင်ထားသော  အုတ်စောင်းတန်းကြီပေါ် သို့ဘုရားဆောင်နှင့် ၊ရဟန္တာဆောင်များ ကိုတင်၍ အခမ်းအနား ကိုပွဲတော်လံကြသည်။ တန်ဆောင်မုန်း လပြည့်နေ့ တွင်ဆွမ်း တော်ကပ်ကြသည်။ ကုသိန္နာရုံရပ် မှာအသည် ကြီးပိုင်းတွင် ရှိသဖြင့် ဤပွဲတော်ကို အသည်ကြီးဘုရာပွဲ ဟုလည်းခေါ်ကြပါသည်။