Monday, January 9, 2012

ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်

     ဇလွန်မြို့သည် ဧရာဝတီတိုင်းအတွင်းရှိ သေးငယ်သော မြို့လေးတစ်မြို့ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင် (၅၀) ခန့်ကွာ ဝေးသည်။ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းပါး ဟင်္သာတမြို့၏ အရှေ့တောင်ဘက် (၁၆) မိုင်အကွာတွင် တည်ရှိပြီး ညောင်တုန်းမြို့မှ ကူးတို့လှေဖြင့် နေ့ချင်းပြန်ခရီးသွားနိုင်ပါသည်။ တစ်စုံတစ်ယောက်မှ လွတ်လပ်မှု ပျော်ရွင်မှုကိုနှစ် သက်မြတ်နိုးသော သာမာန်နိုင်ငံခြားခရီးသည်ကို ဘယ်အရာက ပိုဆွဲဆောင်မှု ရှိမည်နည်းဟုမေးလျှင် ကျေးလက်နေ လူနေမှုဘဝကို တစေ့တစောင်းကြည့် ရှုလေ့လာခြင်းမှတပါး အခြားမရှိဟု အဖြေထုတ် ကြလိမ့်မည်။
      သို့သော် ဗုဒ္ဓဘာသာမြန်မာ လူမျိုးများအတွက် ဇလွန်သို့ တခါတခေါက်အလည် အပတ်သွားခြင်းသည် မွန်မြတ် သော ဘုရားဖူးခရီးတခုပင် ဖြစ်ပေသည်။ ထိုသို့ဇလွန်မြို့ တည်ရှိနေခြင်းသည် မြန်မာနိုင်ငံအတွက် နှစ်ထောင်းအားရ ဂုဏ်ယူဝံ့ကြွားစရာပင် ဖြစ်သည်။ ဘုရားဖူးပြည်သူများကလည်း မာရ်အောင်မြင် ပြည်တော်ပြန် ဘုရားကြီးသို့သွား ရောက်ဖူးမြော်ဆုတောင်းခြင်းဖြင့် မိမိတို့တွင် စွမ်းအင်၊ စွမ်းအားများ တိုးတက်ရရှိ သကဲ့သို့ခံစား ရသည်ဟု ယုံကြည် ကြသည်။ ရွှေရောင်တဖိန့်ဖိန့် တောက်နေသော ဘုရားကျောင်းဆောင် ၏အလည်ဗဟိုတွင် မာရ်အောင်မြင်ပြည်တော် ပြန်ဘုရားကြီး အားသပ္ပယ်စွာ ဖူးတွေ့နိုင်ပါသည်။
ဇလွန်မြို့မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားသမိုင်းနှင့် ဘုရားပွဲတော်