Sunday, March 11, 2012

USB မှာ autorun.inf လေး ရေးထားရင်

USB မှာ autorun.inf လေး ရေးထားရင် အထိုက်အလျောက် တော့ virus ကာကွယ် နိုင်ပါတယ်။ အခုရေးထားတဲ့ autorun.inf ကိုရေးသားနည်း သိသူပဲ ဖျက်လို့ရမှာပါ၊ ကျွှန်တော် ရေးနည်းကော ဖျက်နည်းကော ဖော်ပြထားပါတယ်၊
၁ - Run box ထဲမှာ cmd လို့ရိုက်ပြီး Enter နှိပ်ပါ။
၂ - md \\.\\f:\autorun.inf\con လို့ ရိုက်ပြီး Enter နှိပ်ပါ။

ဒါဆိုရင် autorun.inf ကို create လုပ်ပြီးပါပြီ။

Tuesday, March 6, 2012

ထမင်းလုံးတစ္ဆေ

   
ညနေ သုံးနာရီခန့်မှစ၍ ရွာသွန်းချနေသော မိုးသည် စဲသည်မရှိပဲ စွေ၍နေရာ ညစဉ်ညတိုင်း ထမင်းစားပြီးလျှင် ထွက်၍ လည်ပတ်သွားလာခြင်း၊ ရုပ်ရှင်ကြည့်ခြင်း တို့ဖြင့်မပျင်းဖြေလေ့ရှိသော ကျွန်တော့်မှာ ထိုနေ့အဖို့၌ စွတ်စိုလွန်းသည့်အတွက် အပြင်သို့ထွက်ရန် ခက်နေတော့၏။ အိမ်တွင် နေရန်ကလည်း ငြီးငွေဖွယ်ကောင်းလှ၍ သံချိုင့်တွင်းသို့ ရောင်နေသော ကျားကဲ့သို့ ဆောက်တည်၍ မနေနိုင်တော့ပဲ အခန်းတွင်း၌ ခေါက်တုန့်ခေါက်ပြန်လျှောက်၍ စိတ်အိုက်နေမိပါတော့သည်။
    ပြတင်းပေါက်သို့ ရောက်တိုင်းရောက်တိုင်း အပြင်သို့ မျှော်ကြည့်လိုက်သောအခါ လမ်းပေါ်သို့ တဖြောက်ဖြောက်ကျနေသော မိုးသံများသည် ကျွန်တော်အား ပိုမိုစိတ်ညစ်စေ၏။ အချိန်မှာ ရှစ်နာရီထိုးပြီ။ မိုးလည်းစဲတော့မည့် လက္ခဏာမရှိတော့သဖြင့် ထိုနေ့အဖို့ မိုးကို အရှုံးပေးရတော့မည်၊ အပြင်သို့ထွက်နိုင်တော့မည် မဟုတ်ဟု စိတ်ကိုတုံးတုံးချလျက် မအိပ်မီ အပျင်းပြေစေရန် အိပ်ခန်းတွင်း၌ စာအုပ်များကို လိုက်၍ရှာသောအခါ စုံထောက်ဝတ္ထု၊ အမေရိကန် လူဆိုးဂိုဏ်ဝတ္ထုနှင့် မဂ္ဂဇင်းတစ်စောင်ကို တွေ့ရှိသဖြင့် ပက်လက်ကုလားထိုင် ထိုင်ကာ အဆင်သင့်ရာဖွင်၍ ဖတ်တော့၏။ ကျွန်တော်လှန်လိုက်သော ဝတ္ထုတို့မှာ သတ်မှု၊ ဖြတ်မှု၊ လူဆိုးများ၊ စုံထောက်များ၊ ဂါတ်များ၊ ထောင်များအကြောင်း ပါရှိသည့်သွေးထွက်သံယို ဝတ္ထုချည်းဖြစ်၍ နေတော့၏။ နာရီလည်း ညနာရီပြန်တစ်ချက်တီးလေပြီ။