![]() |
လေးကျွန်းရန်အောင်ဖောင်တော်ဦးစေတီတော် |
ပုသိမ်မြို့၏ တောင်ဘက်တွင် တည်ရှိသည်။ အလောင်း စည်သူမင်း စတင်တည်ထားခဲ့သော ဖောင် တော်ဦး စေတီတော် ကိုငုံ၍ ပုဂံမြို့ဟောင်း ရှိတန်ခိုး ကြီးဘုရားများ၏ ပုံသဏ္ဌာန် များကို ကူးယူတည်ဆောက် ပူဇော်ထားသည်။ ဥာဏ်တော် အမြင့်မှာ (၁၆၂) ပေ ဖြစ်သည်။
စေတီတော်အတွင်းသို့ ဝင်ရောက်ဖူးမြော်လျှင် အတွင်း လိုဏ်ပတ်လမ်း ကိုပတ်၍ ကြည်ညိုပါက ပုဂံ ခေတ်မှ ရတနာပုံ ခေတ်အထိ ခေတ်လေးခေတ်မှ တင်ပလ္လင်ခွေ ရုပ်ပွားတော် ကြီး လေးဆူကိုလည်း ခေတ်ပြောင်းလဲမှု အလိုက်လေ့လာ ဖူးမြော်ရမည် ဖြစ်သည်။ ထို့နောက်အထက် ပစ္စယံသို့ တက်ရောက် ဖူးမြော်လျှင် ရာဇမုနိ လာဘမုနိ ဘယမုနိ စသည့် ကြေးသွန်းမုနိတော်လေးဆူ ကိုလည်း ထူးခြားစွာ ဖူးတွေ့နိုင်ပါသည်။

ရွှေမုဋ္ဌောမဟာစေတီတော် |
ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးသည်ဘုရားရှင်ကိုယ်တော်မြတ်ကြီး ၏ သရှီရမွေတော် ဓာတ်တော် များနှင့် အထူးထူး အပြားပြား များမြောင်လှ သော အဖိုးတန် ရတနာတို့ဖြင့် ဌာပနာ၍ လွန်ခဲ့သော အနှစ် ၂၀၀၀ - ကျော်က စတင် တည်ထား ခဲ့ခြင်းဖြစ် သည်။
ထီးတော်ကို အမျိုးမျိုးပြောင်းလဲတပ်ဆင်မှုကြောင့် ယခုအခါစေတီတော် မြတ် ၏ ဥာဏ်တော်မှာ ၄၆.၆ မီတာ (၁၅၂ ပေခန့်) ရှိလာသည်။ ယခုအခါ ထီးတော်၏အပေါ်ဆုံးအဆင့်ကို ရွှေအလေးချိန် ၆.၃ ကီလိုဂရမ် (၃ပိဿာ ၉၃ ကျပ်သားခန့်) ဖြင့် လည်းကောင်း၊ အလယ်ဆင့်ကို ငွေစင်ဖြင့် လည်းကောင်း၊ အောက်ဆင့်ကို ရွှေပါးလွှာဖြင့် လည်း ကောင်း အုပ်ထားပြီး စိန် ၈၂၉ လုံး၊ ပတ္တမြား ၈၄၃ လုံး နှင့် အဖိုးတန် ကျောက်မျက်ရတနာ ၁၅၈၈ လုံးတို့ဖြင့် တန်ဆာဆင်ထားပါသည်။